မိုင်းယောင်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်၍ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး UID ကတ်များကို နေ့ချင်းထုတ်ပေးသည်။
အဆိုပါဆောင်ရွက်ပေးနေမှုအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဝေဝေခိုင်(ပြန်/ဆက်)