ပင်လောင်းမြို့နယ် အ.ထ.က တင်းထက်ကျောင်း၌ အသက် ၉ နှစ်မှ အသက် ၁၂ ထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေး

ပင်လောင်း စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်း တင်းထက်ကျောင်းတွင် ယနေ့နံနက်ပိုင်းက အသက် ၉ နှစ်မှ အသက် ၁၂ ထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းများကို တင်းထက်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးဝေလျံထက်နှင့် ကျန်းမာရေးဝန်ထမ်းဆရာမများက တင်းထက်မြောက်ရွာ အလက(ခွဲ)ကျောင်း၊ အ.ထ.က တင်းထက်ကျောင်းများမှ အသက် ၉ နှစ်မှ အသက် ၁၂ ထိ ကျောင်းသူ ၆၈ ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)