မြောင်းမြ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၁:၀၀ နာရီအချိန်က မြောင်းမြမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက သုတပဒေသာစာစောင် အတွဲ (၄၇)၊ အမှတ် (၁၁) ပါ ဒေါက်တာခိုင်ခိုင်ဝင်း ရေးသားသည့် လူကုန်ကူးခြင်း (သို့မဟုတ်) လူ့အခွင့်အရေးချိုးဖောက်ခြင်း ဆောင်းပါးကို စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ဇင်မာဖြိုး၊ ဒေါ်ခင်ဇာခြည်မျိုး၊ ဒေါ်မေသဇင်၊ ဒေါ်ထက်နီလာဝင်းတို့နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဆောင်းပါးပါအကြောင်းအရာများ၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ စုပေါင်းကာကွယ်တားဆီးရန် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (မြောင်းမြ)