ခန္တီး စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဉီးစီး၍ Censuses unit များ ကွင်းဆင်းရေးဆွဲခြင်းသင်တန်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဉီးစီးမှူး ဉီးမောင်မောင်အေးက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်အတွက် အုပ်ချုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်မှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် ထိရောက်စွာပံ့ပိုးနိုင်ရန်၊ စာရင်းကောက်ယူရမည့်ဒေသများ၊ လူနေထိုင်သော အိမ်ထောင်စုများ ထပ်ခြင်း၊ ကျန်ခြင်းမရှိစေရန်အတွက် နယ်နိမိတ်တိကျမှန်ကန်သည့် စာရင်းကောက်ကွက်များဖြင့် ပိုင်းခြားသတ်မှတ်နိုင်ရန်၊ နိုင်ငံတကာတွင် အသုံးပြုနေသောခေတ်မီ Geo Database System တည်ဆောက်နိုင်ရန်နှင့် အချက်အလက်များထုတ်ပြန်ရာတွင် သန်းခေါင်စာရင်း ရလဒ်များအား အုပ်ချုပ်မှုဒေသမြေပုံများဖြင့် ထုတ်ပြန်နိုင်ရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ ခန္တီး၊ လဟယ်၊ နန်းယွန်းတို့မှ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)