သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှာကဒေါင်ရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်
Sep 13,2023
ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ် စားသုံးနိုင်စေရေးအတွက် ဒေသတွင်း သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခန့်က ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ လှာကဒေါင်ရေလျှံ ကွင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။
တောင်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြောပြိုင်ပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ
Sep 13,2023
တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။           
ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲ (Talk Show)ပြုလုပ်
Sep 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်ကလူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(၁၃)တွင် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Sep 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အ.ထ.က(၁၃)တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉.၀၀)နာရီက အ.ထ.က(၁၃)တွင် ပြုလုပ်သည်။
မင်းဘူး- စလင်း- တညောင်- ဆိပ်ဖြူလမ်း ဆူးလေကုန်းတံတားတည်ဆောက်ရေးလုပ်ငန်း လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဆောင်ရွက်
Sep 13,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မင်းဘူး- စလင်း- တညောင်- ဆိပ်ဖြူလမ်း ဆူးလေကုန်းတံတား တည်ဆောက်ရေးလုပ်ငန်း၊ လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီက တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူရုံး၌ ကျင်းပသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  “လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” အများပြည်သူ အသိပညာပေး Talk Show   ကျင်းပ
Sep 13,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံးမှ Online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် “လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရမှုသည် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးခံနေရကြရကြောင်း သိရှိစေရန်   အသိပညာပေး Talk Show  အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ TalkShow ပြုလုပ်
Sep 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေ ဗဟုသုတ များရရှိတိုးပွားလာ​စေရေး သိသင့်သိထိုက် သော အကြောင်းအရာများအား သိရှိလာနိုင်စေရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁ဝ  နာရီအချိန်က မြို့လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမ၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ကျင်းပခဲ့သည်။
ရေးမြို့နယ်တွင် စားအုန်းဆီ(၁)ပိသာလျှင် (၄၄၅၀)ကျပ်ဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေး
Sep 13,2023
မွန်ပြည်နယ်၊ ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မော်လမြိုင်ဆီကုန်သည်ကြီးများအသင်းဦးဆောင်၍ စားသုံးသူပြည်သူများ  စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဆီ(၁)ပိသာ(၄၄၅၀)ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက ရေးမြို့၊ အောင်င်္ဂလာရပ်ကွက်၊ အောင်သီတာစျေးနှင့် မွန်းလွဲ ၁ နာရီအချိန်က ချောင်းတောင်တံတားအနီး(ညစျေး)တို့တွင်  ရောင်းချပေးလျက်ရှိကြောင်းသိရသည်။