သတင်းများ

ကရသူရိမြို့၌ ကျောင်းသား/ သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Sep 13,2023
တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပ
Sep 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကရသူရိမြို့၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Sep 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ကော့သောင်းမြို့၌ ကမ္ဘာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် (အကြို) ပန်းချီပြိုင်ပွဲကျင်းပ
Sep 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ May Yu Shopping Complex  ဖွင့်လှစ်ရန်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Sep 13,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ May Yu Shopping Complex  ဖွင့်လှစ်ရန်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ် ဆေးကြသည်။         
ဂွမြို့ စံပြကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Sep 13,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာန(စံပြကိုယ်ပိုင်အထက်တန်းကျောင်း)တို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ(၂)နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံခြင်းနှင့် ပတ်သက်၍ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ
Sep 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးများအား  သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံခြင်းနှင့် ပတ်သက်၍ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိ
Sep 13,2023
ချမ်းမြသာစည်မြို့နယ်၊မြို့သစ် (၂)ရပ်ကွက်၊ ၁၀၇ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ MIIT‌ ကျောင်းရှေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့မှ ပူးပေါင်း၍ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၆:၀၀မှ နေ့လယ် ၁၁:၀၀ နာရီချိန်အထိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။