လိပ်သို စက်တင်ဘာ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံးမှ Online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် “လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရမှုသည် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးခံနေရကြရကြောင်း သိရှိစေရန် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေး Talk Show တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က Online စနစ်ဖြင့် လူကုန်ကူးမှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် အများပြည်သူအသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦး သည် အခြားသူတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လူများကို သိမ်းသွင်းစုဆောင်ခြင်း၊ လူကုန်ကူးမှုအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံရှိ လက်ရှိဥပဒေများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ကြိုတင်တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ အလွန်အရေးကြီးကြောင်း၊ ကြိုတင်တားဆီးကာကွယ်ရာ၌ လူကုန်ကူးမှု အန္တရာယ်အသိပညာပေး ဟောပြောပွဲများကို နေရာဒေသအသီးသီး၌ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်၍ အသိပညာများ ဖြန့်ဝေပေးရန်လိုကြောင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်း စဉ်များတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက တစ်ခဲနက်ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာအောင်မြင်မှုများ ရရှိမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြား သည်။
ဆက်လက်ပြီး လိပ်သိုနယ်မြေရဲစခန်းမှ ရဲအုပ်သက်ပိုင်စိုးက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေနှင့်ဆက်စပ်သည့် တည်ဆဲဥပဒေများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရည်ရွယ်ချက် (၄) ရပ်၊ ပြစ်မှုပြစ်ဒဏ်များနှင့် တားဆီးကာကွယ်ခြင်းဆိုင်ရာ ဆောင်ရွက်ရန် နည်းလမ်းများ စသည့် အကြောင်းအရာများအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိ စေရေးအတွက် အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး Talk Show အစီအစဉ်များ ကို လစဉ် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အများပြည်သူတို့ သိသင့် သိထိုက်သည့် အကြောင်းအရာများဖြင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)