တောင်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြောပြိုင်ပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

တောင်သာ စက်တင်ဘာ ၁၃

တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။           

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးကကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊  ကျောင်းသား/ ကျောင်းသူများ ယခုလို ပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲတတ်သော အလေ့အကျင့်ကောင်းများ  ရရှိလာစေရန်ရည်ရွယ်၍   ယခုလိုပြိုင်ပွဲများ  ဆောင်ရွက်ပေးလျက် ရှိကြောင်း တို့ကို ရှင်းလင်းပြောကြားပြီးနောက် ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများအား ပြသရာပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများက အသီးသီးပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးနှင့်ဝန်ထမ်းများက အမှတ်တရ  လက်ဆောင်အဖြစ်  ဗလာစာအုပ်၊ ခဲတံနှင့် မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/ ကျောင်းသူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)