သတင်းများ

ငပလီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Libraryဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရပေး
Sep 13,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ငပလီမြို့ စည်ပင်ရုံးနှင့် စိုက်ပျိုးရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Sep 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်‌နေ့မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်းသိရသည်။
နမ့်စန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဘဝအတွက်တာကျွမ်းကျင်စရာ သင်တန်းဆွေးနွေးပွဲ ဆောင်ရွက်
Sep 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တောင်ကြီးမြို့နယ်အခြေစိုက် ‘ကမ်းလက်မေတ္တာ’ လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဆောင်ရွက်သည့် ဘဝအတွက်တာကျွမ်းကျင်စရာ သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူလယ်သမား(၇၅)ဦးအတွက် စိုက်ပျိုးစရိတ် ထုတ်ချေးငွေများ ထုတ်ချေးပေး
Sep 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးနှင့်အခြားသီးနှံများအတွက် ကျေးရွာအုပ်စု( ၅)အုပ်စုမှ တောင်သူလယ်သမား( ၇၅ )ဦးအား စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ချေးပေးခဲ့သည်။
ပဲခူးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်
Sep 13,2023
ပဲခူးတိုင်းဒသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် ပဲခူးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း YMBA ခန်းမ၌ ကျင်းပပြုလုပ်သည်။
မတ္တရာမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးပြုလုပ်
Sep 13,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးနိုင် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
လဲချားမြို့နယ် အ-မ-က(ဟိုဖိုင်) ကျေးရွာကျောင်းတွင် ကျောင်းကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (နောင်ပန်)ကျေးရွာကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများ ပြုလုပ်
Sep 13,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်သည်။