မေတ္တာ စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေ ဗဟုသုတ များရရှိတိုးပွားလာစေရေး သိသင့်သိထိုက် သော အကြောင်းအရာများအား သိရှိလာနိုင်စေရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ကျင်းပခဲ့သည်။
ထို အသိပညာပေး ဆွေးနွေးပွဲ Talk Show ၌ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန ဒုတိယဦးစီးမှူး (တာဝန်ပေး)ဒေါ်အေးအေးချိုမှ အများပြည်သူအတွက် အသိပညာပေးဆွေးနွေးပွဲ Talk Showပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ လူကုန်ကူးမှုပပျောက်ရေးနှင့် ပတ်သက်၍ လူကုန်ကူခြင်းဆိုသည်မှာခြိမ်းခြောက်မယ်၊ အင်အားသုံးမယ်၊အဓမ္မခေါ်ဆောင်သွားမယ်၊ လိမ်ညာပြီးတော့သွေးဆောင်ဖြားယောင်းမယ်၊ ရွေ့ပြောင်းအလုပ်သမားများရဲ့ရပ်တည်ဖို့ ခက်ခဲနေတဲ့ဘဝအခြေအနေကို အခွင့်ကောင်းယူပြီး အလွဲသုံးစားပြုလုပ်မယ် စသည့်အချက် များဖြင့် လူကုန်ကူးမှုခံရနိုင်ကြောင်း၊ ကလေးငယ်များအား နိုင်ငံရပ်ခြားသို့ အဓမ္မခိုင်းစေရန် အတွက် ခေါ်ဆောင်ခြင်း၊ ညှင်းပမ်းနှိပ်စက်မှုများပြုလုပ်ခြင်း၊ လူကုန်ကူးမှု ကျူးလွန်ပါက ကျခံရ မည့်ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ပြီး ဆက်လက်၍ နေ့စားဝန်ထမ်းဒေါ်နော်အယ်ခွန်းရီက လူကုန်ကူးခံရသောသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေသောဆိုးကျိုးများ၊ မြန်မာနိုင်ငံ၌ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲများအား အများပြည်သူများအနေဖြင့် လေ့လာ မှတ်သားသိရှိနိုင် စေရေးအတွက်Online မှတဆင့်စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးချို