ပလောက် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်ကလူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ အကြောင်းပြောကြားပြီး၊ စာကြည့်တိုက်လက်ထောက်/၃ ဒေါ်ချိုချိုဌေးက လူကုန်ကူးမှူးအဓိပ္ပာယ်များ၊ လူကုန်ကူးမှုမှကာကွယ်နိုင်မည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ (Talk Show)ဆွေးနွေးပွဲများအား ပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေးအတွက် Online မှတဆင့်စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိကြောင်းသိရသည်။
နှင်းမြူလွင်