ကော့သောင်း စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါပန်းချီပြိုင်ပွဲတွင် ကော့သောင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက ပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ပြိုင်ပွဲဝင်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ အမှတ်ပေးစည်းမျဉ်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများက "ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး" ခေါင်းစဉ်ဖြင့် ပန်းချီရေးဆွဲခဲ့ကြပြီး အကဲဖြတ်အဖွဲ့ဝင်များက အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆုများရွေးချယ်ခဲ့ကြသည်။ ပန်းချီပြိုင်ပွဲမှဆုရရှိသူများအား စက်တင်ဘာလ (၁၅)ရက်နေ့တွင် မဉ္ဇူသကခန်းမ၌ ကျင်းပမည့် ကမ္ဘာအိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အခမ်းအနား၌ ဆုများအသီးသီးချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)