ဘုတ်ပြင်းမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပ

ဘုတ်ပြင်း စက်တင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်မြှင့်တင်ရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် မျိုးဆက်သစ် အနုပညာရှင်များကို လက်ဆင့်ကမ်း အမွေပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပလျက်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများအားလုံးအနေဖြင့် မိမိတို့တတ်ကျွမ်းထားသော အနုပညာကို စစ်မှန်သော ပင်ကိုယ်အရည်အချင်းများနှင့် လျော်ာ်ညီစွာ ပါဝင်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိရေး အစွမ်းကုန်ကြိုးစားယှဉ်ပြိုင် သွားကြပါစေလို့ကြောင်းနှင့် ယခုပြိုင်ပွဲမှ ထူးချွန်သူများကို တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း စသည်များကို ပြောကြားသည်။ ယင်းနောက် ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ပြိုင်ပွဲသို့ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူးများက မြန်မာ့အက/အခြေခံ ကဗျာလွတ်အက (အခြေခံပညာ အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း) ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၄)ဦး ပါဝင်ယှဉ်ပြိုင်မှုများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျောင်းသားကျောင်းသူများမှ ကဗျာလွတ်အက၊ အဆို၊ အကများ၊ ဘင်ခရာတီးဝိုင်းတို့ဖြင့်‌ ဖျော်ဖြေတင်ဆက်ခြင်းနှင့် ပန်းပွားအလှဖြင့် ကပြ သီဆို ဖျော်ဖြေနေမှုကို ဘုတ်ပြင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/ကျောင်းသူများ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ထိုနောက် အခြေခံကဗျာလွတ်အက ပြိုင်ပွဲဝင်ကြသည့် အ.ထ.က(ဘုတ်ပြင်း)ကျောင်းမှ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုကို ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက လည်းကောင်း၊ အ.ထ.က(အောက်လိပ်)ကျောင်းမှ ပြိုင်ပွဲဝင်များအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ကျော်အောင်တို့က ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ခဲ့ပြီး သီဆိုဖျော်ဖြေကပြကြသည့် ကျောင်းသားကျောင်းသူများကို ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းတို့ အမှတ်လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)