မအူပင် ဇူလိုင် ၂၄
မအူပင်မြို့နယ်၌ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါရောင်းချမှုအား ခရိုင်၊ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များအသင်းနှင့် ဥစားကြက်ခြံ မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ကြက်ဥ (၁) လုံးလျှင် (၃၀၀)ကျပ်နှုန်း၊ ဆန် (၁)ပြည်လျင် (၂၀၀၀) ကျပ်နှုန်းနှင့် စားအုန်းဆီ (၁) ပိဿာလျှင် (၆၅၉၀) ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးလျက်ကြောင်း သိရသည်။
အောင်မြင့်မြတ်