ရွှေပြည်သာ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့်ခြင်ဆေးမှုတ်ခြင်းများ၊ ဈေးဆိုင်များ သန့်(၄)သန့်နှင့်ညီညွတ်မှုရှိစေရန်စစ်ဆေးခြင်းတို့ကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၁၈)ရပ်ကွက်တို့တွင် ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းနှင့် ဖုံးသွန်လဲစစ်လုပ်ငန်းများကို ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်များတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့်မြို့နယ်စည်ပင်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အမျိုးသမီး ရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များကပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)