ဒေးဒရဲ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလ မြို့တွင်းလမ်းမများ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ၊ ရေဆိုးရေညစ်မြောင်းများကို ယနေ့ နံနက်ပိုင်းက စက်ယန္တရားများ၊ လူအင်အားဖြင့် ဖော်ထုတ်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့ပေါ်ရပ်ကွက်များရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လိုအပ်ချက်များအား တာဝန်ရှိသူများအား ဆွေနွေးမှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း