ဝါးခယ်မ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မနောသုခခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မြေပြင်နှင့်တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိပြီးမြို့နယ်မြေပြင်ကွင်းဆင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်တို့က လုပ်ငန်းများအချိန်မီ ပြီးစီးအောင်မြင်စေရေး ကြီးကြပ်ကွပ်ကဲကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ