တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ Sime – Final ပွဲစဥ် (၂)

တနိုင်း ဇူလိုင် ၂၄

ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ Sime- Final ပွဲစဥ် (၂) ကို  ဇူလိုင်လ ၂၃ ရက်နေ့တွင် ကင်ဆားရာကောင်းရပ်ကွက်အသင်းနှင့် ဆင် (မ်) ဆာ့ကောင်းရပ်ကွက်အသင်းတို့အား ပြည်သူ့အားကစားကွင်းတွင်ယှဥ်ပြိုင်ကစားကြရာ မိနစ် ၉၀ အချိန်ထိ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အချိန်ပို မိနစ်၃၀ ဆက်လျက်၍ ယှဥ်ပြိုင်ကစားခဲ့ကြရာ ကင်ဆားရာကောင်းရပ်ကွက်အသင်းမှ ၃ ဂိုး ဂိုးမရှိ​သောရလဒ်ဖြင့်ဆင် (မ်) ဆာ့ကောင်းရပ်ကွက်အသင်းကို အနိုင်ရရှိသွား​ပြီး ကင်ဆားရာကောင်းရပ်ကွက်အသင်းအား ဗိုလ်လုပွဲတက်ရောက်သွားကြောင်း သတင်းသိရသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် ရပ်ကွက်ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပိတ်ပွဲကိုဇူလိုင် လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ခွဲတွင် မုန်ဒိန်ကောင်းရပ်ကွက်အသင်းနှင့် ကင်ဆားရာကောင်းရပ်ကွက်အသင်းတို့ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး အနိုင်ရရှိသည့်အသင်းအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မနောမြေ (တနိုင်း)