ပလောက် စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ် နှင်းမြူလွင်က အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လက်ထောက်/၃ ဒေါ်ချိုချိုဌေးက ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ ကြုံတွေ့နေရသည့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ရည်မှန်းချက်များဖြစ်သည့် ကလေးများအား ကလေးအလုပ်သမားခိုင်းစေမှု အထူးသဖြင့် အဆိုးဝါးဆုံး ပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ပေးရေး ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရေး၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံပေးရေး ကိစ္စရပ်များ၊ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ (Talk Show) ဆွေးနွေးပွဲများအား ပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေး အတွက် Online မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင်(ပြန်/ဆက်)