မိတ္ထီလာမြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်က ပေါက်ချောင်းရပ်ကွက်၊ မိတ္ထီလာမြို့နယ် အထွေထွေရောဂါကုဆေးရုံးကြီးရှိ သွေးလှူဘဏ်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အရာရှိ အမျိုးသား(၁)ဦးနှင့် အခြားအဆင့် အမျိုးသား(၁၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့က သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ခြင်းများပြုလုပ်ခဲ့ပြီး သွေးလှူဘဏ်သို့ သွေးလှူဒါန်းခဲ့ကြသည်။

ထို့နောက် မိတ္ထီလာမြို့နယ် အထွေထွေရောဂါကုဆေးရုံးကြီးတွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းသော တပ်ဖွဲ့ဝင်များအား မြို့နယ်ရဲတပ်ဖွဲ့မှူးက ကြက်ဥ၊ အချိုရည်စသည့် ဖြည့်စွက်အာဟာရတို့ကိုပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)