နတ်မောက် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူးပေးသည့် ယူရီယားဓာတ်မြေဩဇာများအား မြို့နယ်အဆင့် ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရေးကော်မတီမှ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ယူရီးယားဓာတ်မြေဩဇာများအား ဒေသတွင်း မိုးစပါး၊ ချည်မျှင်ရှည်ဝါ၊ နေကြာသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မျိုးစေ့ထုတ်စိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်အဆင့် ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီမှ ဩဂုတ်လအတွက် ရောက်ရှိလာသည့် ယူရီယားဓာတ်မြေဩဇာ (၃၆)တန်အား အလေးချိန်စစ်ဆေးမှုနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၄၈)အုပ်စုရှိ တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် အချိန်မီဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံကသိရသည်။
လှဝင်း