ဘုတ်ပြင်းမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးTalk Show ပြုလုပ်
Sep 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Onlineမှ တဆင့် အသိ ပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show ဆွေးနွေး ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။