အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၂၀၂၃ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား၊အမျိုးသမီး)   ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

လားရှိူး စက်တင်ဘာ ၁၅

ကိုယ်ခန္ဓာနှင့်စိတ်ဓာတ်ကြံခိုင်ပြီး တိုင်းစစ်ဌာနချုပ်ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကို စက်တင်ဘာလ ၁၃ ရက်နေ့  မွန်းလွဲပိုင်းက တိုင်းစစ်ဌာနချုပ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အရာရှိကြီးများ၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အရာခံစစ်သည်များ၊ အားကစားသမားများ၊  အားကစားချစ်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲအမျိုးသားပွဲစဉ်တွင် လားရှိုးတပ်နယ်(က)အသင်းနှင့် လားရှိုးတပ်နယ်(ခ)အသင်း၊ အမျိုးသမီးပွဲစဉ်တွင် လားရှိုးတပ်နယ်(က)အသင်းနှင့် လားရှိုးတပ်နယ်(ခ)အသင်းတို့၏ ယှဥ်ပြိုင်မှုများကို ကြည့်ရှု့အားပေးခဲ့သည်။

ထို့နောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့ကြသည့် လားရှိုးတပ်နယ်(က)အသင်း (အမျိုးသား) နှင့် လားရှိုးတပ်နယ်(က)အသင်း (အမျိုးသမီး) တို့ကို တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း ( လားရှိုး )