သတင်းများ

သိန္နီမြို့ မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ
Sep 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်သိန္နီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မိုင်းလီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 15,2023
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ဆင်ကျုံးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရှားတော)၌ လူငယ်စကားဝိုင်းကျင်းပ
Sep 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (ရှားတော)တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ စွမ်းဆောင်ရည်များ အားပေးမြှင့်တင်ခြင်း၊ အတွေးအခေါ်အယူအဆများနှင့် အများသူရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ စံပယ်ဆောင်တွင် ကျင်းပသည်။
သထုံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်း‌ကျောင်းဝင်းအတွင်း၌ ရှေးဟောင်းအုတ်ခွက်ဘုရားများ ထပ်မံတွေ့ရှိ
Sep 15,2023
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း မြေတူးရာမှ မုဒြာပုံစံအမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ်နှင့် အကျိုးအပဲ့ရှေးဟောင်းအုတ်ခွက်ဘုရားများကို ယနေ့နံနက်က ထပ်မံတူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်စာရိတ္တ Talk Show ဆောင်ရွက်
Sep 15,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက လူငယ်နှင့်စာရိတ္တ အသိပညာပေး Talk Show ကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်နှင့်အားကစား အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်များ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကိုယ်လက်လှုပ်ရှားကစားသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ဟောပြောသည့် အားကစားအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်လေးကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြော
Sep 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်​လေးမှ ကျောင်းသား၊ ကျောင်းသူများအား  အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်လေးဘုန်းကြီးတွင်  ပြုလုပ်ခဲ့သည်။
အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ထိုးနှံပေးနိုင်ရေးဆွေးနွေးပွဲပြုလုပ်
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွှဲ (၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။