နမ့်ခမ်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ စပါးတောင်သူများ၏ ၂၀၂၃-ခုနှစ် မိုးစပါးများစိုက်ပျိုးမှု ကောင်းမွန်ဖြစ်ထွန်း၍ တောင်သူများက ကျေနပ်အားရပျော်ရွှင်ရကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်း၌ ၂၀၂၃- ခုနှစ်တွင် မိုးစပါးစိုက်ပျိုးမှု လျာထားဧက (၁၂၂၈၆)ဧက စိုက်ပျိုးထား ရှိပြီး မြို့နယ်တွင် ဒေသတွင်းစားသုံးရန် ကြိုက်နှစ်သက်နိုင်သော DU-16 စပါးမျိုးကို အများဆုံးစိုက်ပျိုး လျက်ရှိသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်တောင်သူများ ပူးပေါင်း၍ DU-16 စပါးမျိုးသန့် မျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၀)ဧကခန့် စိုက်ပျိုးဆောင်ရွက်ထားရှိပါသည်။
ယခုနှစ်မိုးရာကာလအတွင်း မြို့နယ်အတွင်းရှိ ရွှေလီမြစ်ကမ်းနှင့် နီးစပ်သော လယ်များတစ်ချို့၌ မြစ်ရေကြီး၍ ရေနစ်မြုပ်မှုရှိခဲ့သော်လည်း စိုက်ပျိုးထားသော စပါးများ ကြီးမားသည့် ထိခိုက်ပျက်ဆီးမှု ဖြစ်ပွားခြင်း မရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရသည်။
မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမှုတွင် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် စပါးမျိုးစိုက်ပျိုးခြင်း၊ ဒေသ တွင်းစားသုံးရန် ကြိုက်နှစ်သက်နိုင်သော စပါးမျိုးဖြစ်၍ အရောင်းအဝယ်သွက်ကာ စီးပွားရေး တွက်ခြေကိုက်ခြင်း၊ ခုနှစ်တွင် မိုးစပါးဖျက်စီးတက်သော ရောဂါနှင့် စပါးဖျက်ပိုးမကျရောက်ခြင်း တို့ကြောင့် မိုးစပါးစိုက်ပျိုးမှုတွင် ကောင်းမွန်ဖြစ်ထွန်း၍ စပါးတောင်သူများက ကျေနပ်အားရပျော်ရွှင်ရပါကြောင်း တောင်သူများထံမှ သိရှိရသည်။
နမ့်ခမ်း(ပြန်/ဆက်)