ရွှေဘို စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့အတွင်း ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ၁၃ရက် နေ့ နံနက်ပိုင်းမှ စတင်ကာ ရွှေဘိုမြို့တော်ခန်းမ၌ အခြေပြု၍ မြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူအား ကုသဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က လူနာ (၁၁၃၃) ဦးကို ကျန်းမာရေး စောင့်ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၂၉ ဦး၊ ခွဲစိတ်ကုသမူဆိုင်ရာ ရောဂါ ၈၄ ဦး၊ ကလေးရောဂါ ၄၀ ဦး၊ သားဖွားမီးယပ်ရောဂါ ၆၅ ဦး၊ အရိုးရောဂါ ၁၆၃ ဦး၊ နား နှာခေါင်း လည်ချောင်းရောဂါ ၅၇ ဦး၊ မျက်စိရောဂါ ၁၉၄ ဦး၊ သွားရောဂါ ၁၀၁ ဦးတို့ကို ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ၎င်းတို့ထဲမှ သာမာန်ခွဲစိတ်လူနာ ၇ ဦး၊ အရိုးခွဲစိတ်လူနာ ၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃၉ ဦး၊ Ultra-Sound ဖြင့် စမ်းသပ်လူနာ ၆၆ ဦး၊ ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ ၅၆ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၁၁၈ ဦးတို့ကို ရွေ့လျား ခွဲစိတ်ယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ခွဲစိတ်ကုသမူများ ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့အပြင် ရောဂါလာရောက်ကုသသူ ၁၁၃၃ ဦးအနက်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရန်လိုအပ်သူ ကျား ၄၀ ဦး၊ မ ၇၀ ဦး၊ ပေါင်း ၁၁၀ ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ ကျား ၆၃ ဦး၊ မ ၆၂ ဦး၊ ပေါင်း ၁၂၅ ဦးအား Biometric အချက်အလက်ကောက်ယူပြီး UID နံပါတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့အပြင် ရွှေဘိုတပ်နယ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ဆေးကုသမှု ခံယူနေသည့် ဒေသခံပြည်သူများအား စားရေး၊ သောက်ရေး အဆင်ပြေစေရန်အတွက် ထမင်းဆီစမ်း၊ ကြက်ဥကြော်၊ အချိုရည်ဘူးများနှင့် ရေသန့်ဘူးများ လှူဒါန်းခဲ့သည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်