သတင်းများ

ကန်ကြီးထောင့်မြိုနယ်တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှင့် ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှင့် ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသ
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၃)နာရီက စာရေးဆရာ ခင်စောတင့် ရေးသားသည့် စွန့်စားမှုပါတဲ့ ခြေတစ်လှမ်း စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Sep 15,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏစွမ်းရည်ပြိင်ပွဲကို ယမန်နေ့ ညနေပိုင်း အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မလှိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၃.၉.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လားရှိုးခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည ၇နာရီ အချိန်က လားရှိုးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
မြောက်ဦးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်နှင့်စာပေ ဟောပြောပွဲ ကျင်းပ
Sep 15,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ စာပေ၏ ကောင်းကျိုးကို သိရှိပြီး စာပေဖတ်ရှုခြင်းနှင့် စာဖတ်သည့် အလေ့အထ ပိုမိုတိုးတက်ရရှိစေရေး လူငယ်နှင့်စာပေ ခေါင်းစဉ် ဖြင့် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
Sep 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများအား ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများကြွယ်ဝလာစေရန်ရည်ရွယ်၍ ကျန်းမာရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့သည်။
မြင်းမူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်
Sep 15,2023
စာဖတ်ရှုသူများ အချင်းချင်းတွေ့ဆုံကာ မိမိဖတ်ရှုလေ့လာထားသည့် စာအုပ်မှရရှိသည့် ဗဟုသုတများအား အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန်နှင့် စာကြည့်တိုက်သို့    လစဉ် ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက်      စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ယနေ့တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။