ကမမောင်းမြို့တွင်   ကလေးအလုပ်သမားပပျောက်ရေး   အသိပညာပေးနံရံကပ်နှင့် လူကုန်ကူးမှုတိုက်ဖျက်ဖို့တာဝန်ကိုယ်စီယူကြစို့ အသိ ပညာပေးနံရံကပ်စာစောင်များပြသ

ကမမောင်း စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတိုက်ဖျက်ဖို့တာဝန်ကိုယ်စီယူကြစို့ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်(၁၁) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များဖြစ်သည့် ကလေးအလုပ်သမားဟူသည်အဘယ်နည်း ကလေး သူငယ်အလုပ်သမားသည် တရားမဝင်ပါ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားတို့၏ အကြောင်းအရာများ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေများနှင့် လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများ၊ လူကုန်ကူးသူက ခေါင်းပုံဖြတ်ခြင်းများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ၊ လူကုန်ကူးဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့် အချက်များပါဝင်သော နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)