နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများအား အသိပညာဗဟုသုတများ တိုးပွားလာစေရန် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းဆောင်ရွက်

နမ့်ခမ်း စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများအား အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန် ရည်ရွည်၍ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြန်/ဆက်ရုံး၌ ပြသပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

အဆိုပါအသိပညာပေးနံရံကပ်စာစောင်များတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်တွင် သတ်မှတ်ထားသည့် မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်း၊  မူးယစ်ဆေးဝါးသုံးစွဲရာမှ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့တွင် ထိခိုက်ပျက်ဆီးစေသောအကြောင်းများနှင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်ဝဘမဖြစ်စေရန် ရှောင်ကြဥ်ရမည့် သတိပြုစရာအကြောင်းများ စသည်တို့ဖော်ပြပါရှိသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များတွင် စွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် အရေးကြီးရသည့်အကြောင်းများ၊ စွန့်ပစ်အမှိုက်များမှ ပြန်လည်အသုံးပြုနိုင်သည့် အကြောင်းအရာများနှင့် စွန့်ပစ်အမှိုက်များမှ ပြန်လည်အသုံးပြုရာတွင် သတိပြုရမည့် အကြောင်းအရာများပါရှိပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်တွင် ကလေးအလုပ်သမားနှင့် သက်ဆိုင်သော သိမှတ်ဖွယ်ရာအကြောင်းများကို ဖော်ပြပါရှိသည့် အကြောင်းအရာများ ပြသထားရှိခဲ့ရာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကျောင်းသားကျောင်းသူများက စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ရာ မြို့နယ်ပြန်/ဆက်ရုံးမှ ဒုတိယဦးစီးမှူး ဦးထက်မြက်သူက နံရံကပ်စာစောင်ပါအကြောင်းအရာများကို ရှင်းလင်းပြောပြခဲ့သည်။

နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသော ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာပေများနှင့်ကျောင်းသားလူငယ် ပြည်သူတို့က ပိုမိုရင်းနှီးမှုရရှိစေရန် စင်ဖွင့်စနစ်ဖြင့် စာအုပ်များကို ငှားရမ်းဖတ်ရှုလေ့လာနိုင်ရန် ဆောင်ရွက်ထားရှိသဖြင့် စာဖတ်စာငှားသူများက ဗဟုသုတများရှာဖွေရန်ပြည်သူ့စာကြည့်တိုက်ကို ပိုမိုအားပြုလာကြကြောင်း သိရှိရသည်။

နမ့်ခမ်း(ပြန်/ဆက်)