ကျောက်ဆည်၊ စဉ်ကိုင်၊ ကူမဲ မြို့များတွင် စားအုန်းဆီ(၇၇၀၀)ပိဿာအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည် စက်တင်ဘာ   ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများစားသုံးဆီနှင့် ပတ်သတ်၍ အခက် အခဲမရှိစေရေး ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်၊ ကူမဲမြို့များတွင် စားအုန်းဆီ(၇၇၀၀) ပိဿာအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဈေးနှုန်းချိုသာစွာဖြင့် စားသုံးဆီရောင်းချခြင်းများကို ကျောက်ဆည်မြို့၌ ဦးအောင်လွင်မှ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးရှိ နေလသုခဆီအရောင်းဆိုင်နှင့် မြို့မဈေးအအရှေ့ဘက် ရွှေမုဋ္ဌောဘုရားတိုက်တန်း နေလသုခ ဆီအရောင်းဆိုင် (၂)နေရာတွင် (၂၂၀၀) ပိဿာ၊ ဒေါ်ခင်မြတ်မွန်မှ အေးမြကြည်လင်ဈေး ကြံတိုင်းအောင် ဆီဆိုင်တွင် (၁၁၀၀)ပိဿာ၊ ဒေါ်အေးနန္ဒာအောင်မှ မြို့မဈေး အပြင်ဘက်တိုက်တန်း ယံယံဆီအရောင်းဆိုင်တွင် (၁၁၀၀)ပိဿာ၊ စဉ့်ကိုင်မြို့၌ ဦးကျော်ထွန်းမှ အုန်းပင်ခြံလမ်းဆုံ ဒေါ်လာဆီအရောင်းဆိုင်တွင် (၁၁၀၀)ပိဿာ၊ ကူမဲမြို့၌ ဦးကိုကိုကြီးမှ ကူမဲဈေး တောင်ဘက်တိုက်တန်း နယူဖန်ဆီ ဆီအရောင်းဆိုင်တွင် (၁၁၀၀)ပိဿာ၊ ဦးအောင်ဆန်းဝင်မှ အမှတ် (၅)ရပ်ကွက် အောင်ကမ္ဘာ ဆီအရောင်းဆိုင်တွင်(၁၁၀၀)ပိဿာ စုစုပေါင်း (၇၇၀၀)ပိဿာအား တစ်ပိဿာလျှင် ငွေကျပ်(၅၂၈၅)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)