စဉ့်ကိုင် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့သစ်ရပ်ကွက်အတွင်း တိုင်းကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် သုတေသန ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအိအိထွေးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဒေါ်၀င်းပပဌေးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ် ကာလကတွေ့ကြုံရသည့် အခက်အခဲများ၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အတိုင်း လက်တွေ့ကျင့်သုံးလိုက်နာမှု ပုံစံများ၊ ကုသမှုအပိုင်းများ၊ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပတ်သက်ပြီး သဘောထားအမြင်များ၊ ယခုလက်ရှိတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး နေထိုင်လိုက်နာပုံများကို မြို့သစ်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား သုတေသန ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းသန်း(ပြန်/ဆက်)