ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင် ခင်းကျင်းပြသခြင်း ဆောင်ရွက်

ကလိန်အောင်  စက်တင်ဘာလ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာ စောင်များကို ယမန့်နေ့  မွန်းလွဲ (၁) နာရီခွဲ အချိန်က ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန မြို့ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က ကျောင်းသား‌၊ကျောင်းသူများအ‌နေဖြင့် အားလပ်သော အချိန်တွင်  အသိပညာ ဗဟုသုတများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ် အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင် ဗဟုသုတများ တိုးပွားလာစေရန်၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်၊ စာပေမှ ရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောပြခဲ့သည်။

အဆိုပါ ပြပွဲတွင် ကျောင်းသား‌/ကျောင်းသူ လူငယ်လူရွယ်များက ခင်းကျင်းပြသထားသော စာအုပ်စာစောင် သုတ/ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)