ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နွားနို့တိုက်ကျွေးရေးအစီအစဥ်များ ဆောင်ရွက်

ဝမ်းတွင်း  စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme)များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က(မင်းကုန်း)နှင့် နတ်ကန်အရှေ့(မူလွန်)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မေဖြိုးချစ်က ကျောင်းသားကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် ( School Milk Programmeများပြုလုပ်ရခြင်းနှင့် စပ်လျဥ်း၍ ကျောင်းနေအရွယ် ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ အရိုးအဆစ်သန်မာစေရန်၊ နို့သောက်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အမက(မင်းကုန်း)မှကျောင်းသား/သူ(၄၈)ဦး၊ မူလွန်(နတ်ကန်အရှေ့)မှ ကျောင်းသားကျောင်းသူ(၁၅၄)ဦးစုစုပေါင်း(၂၀၂)ဦးအားနွာနို့များတိုက်ကျွေးခြင်းကို ဒေါက်တာမေဖြိုးချစ်နှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက နွေးထွေးစွာ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ နွားနို့တိုက်ကျွေးရေးအစီအစဥ် ( School Milk Programme)ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မိတ္ထီလာခရိုင် နို့စားနွားမွေးမြူသူများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)