မိုးညိုမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

မိုးညို စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက်(၇)နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်လစာငွေများကို လစဥ်(၂၁)ရက်နေ့၌ စတင်ထုတ်‌ပေးလျက်ရှိရာ မြို့နယ်အတွင်းအငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်လစာထုတ်ယူသူ ၁၁၃၈ ဦးရှိကြောင်း၊ ပင်စင်လစာငွေများကို စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထုတ်ယူနိုင်သေးသူများကိုလည်း ရုံးဖွင့်ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကိုမင်း(ပြန်/ဆက်)