မိုင်းတုံ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေနှင့်ပညာရေးတို့ပူးပေါင်း၍ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီ ၂၀အချိန်က အ.ထ.က မိုင်းတုံစာသင်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ရဲမှူး မြင့်အောင်က ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သည့် အကြောင်းအရင်းများ၊ ဆိုင်ကယ်ဦးထုပ် စနစ်တကျဆောင်ရန် သရုပ်ပြခဲ့ပြီး မြို့နယ်ဥပဒေအရာရှိက ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က မိုင်းတုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးကျော်စိုး(ပြန်/ဆက်)