တောင်ပြိုလက်ဝဲမြို့၌ ကျောင်းအခြေပြု သား အိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး

တောင်ပြိုလက်ဝဲ  စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌  ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းကိုအသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် မိန်းကလေးများအား ယနေ့နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက် ရှိရာ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက စနစ်တကျထိုးနှံနိုင်ရေး ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV) ကျောင်းအခြေပြု ထိုးနှံပေးရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်စမ်းစမ်းမြင့်အောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သည့် ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်း မပြုမီစာရင်းများ ကောက်ယူခြင်း၊ သွေးတွင်း အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပြီးမှ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို ကျောင်းသူများအား စနစ်တကျထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

သိန်းနိုင်(ပြန်/ဆက်)