လိပ်သို စက်တင်ဘာ ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများ သောကြောင့် သစ်ပင်ကြီးများ အများအပြားရှင်သန်ပေါက်ရောက်လျက်ရှိရာ သစ်ပင်ကြီးများပေါ်တွင် ပျားအုံဖွဲ့၍ စွဲကပ်လျက်ရှိကြောင်း သိရသည်။ ဒေသထွက်သဘာ၀ ပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာ၀ပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချခြင်းကြောင့် ဝယ်ယူသူများပြား သော်လည်း ဈေးနှုန်းတည်ငြိမ်လျက်ရှိနေကြောင်း သိရသည်။
“ယခုလိပ်သိုမြို့ပေါ်မှာ ရောင်းချနေတဲ့ ပျားရည်တွေက ယခင်ပျားဖွတ်ရာသီတုန်းက ဖွတ်ယူ သိုလှောင်ထားတဲ့ သဘာ၀ပျားရည်တွေကို ရောင်းချတာဖြစ်တယ်။ ပျားရည်တွေကို လိပ်သိုမြို့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကနေ တစ်ပုလင်းကို (၄၅၀ဝိ/-) ကျပ်နဲ့ ဝယ်ယူပြီးတော့ မြို့ပေါ်မှာ (၅၀၀ဝိ/-)ကျပ်နဲ့ ပြန်ရောင်းတယ်။ တစ်ချို့ကတော့ တောင်ငူမြို့ကို ပို့ဆောင်ရောင်းချတယ်” လို့ ဒေသထွက်ပျားရည် အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦး ထံမှ သိရသည်။
အဆိုပါ လိပ်သိုဒေသထွက် ပျားရည်များကို ယခုနှစ် ပျားဖွတ်ရာသီ မေလမှစတင်ကာ စက်တင်ဘာလ နောက်ဆုံးပတ်အထိ လိပ်သိုမြို့ပေါ်တွင် ပျားရည်တစ်ပုလင်းလျှင် ကျပ် (၅၀၀ဝိ/-) ရရှိနေပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိနေကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)