ဒေးဒရဲ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ပေါ်ရပ်ကွက်များရှိ ဖုန်းအရောင်းဆိုင်များတွင် အခွန်တံဆိပ်များ ကပ်နှိပ်ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာဌာနများက မြို့ပေါ်ရပ်ကွက်များရှိ ဖုန်းအရောင်းဆိုင်များရှိ ဖုန်းများရောင်းချရာတွင် အခွန်တံဆိပ်ကပ်နှိပ်ရောင်းချစေရေး၊ တရားဝင်တင်သွင်းလာသည့် ကုမ္ပဏီများက ဖုန်းနှင့် အပိုပစ္စည်းများ ဝယ်ယူရောင်းချစေရေး ဆွေးနွေးခြင်းနှင့် အခွန်တံဆိပ်ခေါင်းကပ်နှိပ်ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အေဇာလင်း