တောင်ငူမြို့၌ (၆၂) ကြိမ်မြောက် သံဃ့ာမဟာပဝါရဏာပွဲတော်ကြီးကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ငူ စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကျက်သရေဆောင်သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၆၂) ကြိမ်မြောက် သံဃာ့မဟာပဝါရဏာပွဲတော်ကြီးကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရွှေဆံတော် စေတီတော်မြတ်ကြီး ဂေါပကအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပဝါရဏာပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က ပဝါရဏာပွဲတော်ကျင်းပနိုင်ရေး ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ပဝါရဏာပွဲတော်ဖြစ်မြောက်ရေး ဒုတိယဥက္ကဋ္ဌ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပက ဦးအောင်ဆွေက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပဝါရဏာပွဲတော်ကျင်းပနိုင်ရေး အတွင်းရေးမှူးဦးယဥ်ဌေးမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို  တင်ပြဆွေးနွေးပြီး ဆပ်ကော်မတီအလိုက် ဥက္ကဋ္ဌများက ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပဝါရဏာပွဲတော် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က နိဂုံးချုပ်အမှာစကားပြောပြီး အစည်းအဝေးအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ရုတ်သိမ်းခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၆၂) ကြိမ်မြောက် ပဝါရဏာပွဲတော်ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့်  (၆၂) ကြိမ်မြောက် သံဃာ့မဟာပဝါဏာပွဲတော်ကြီးကို ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)