ပန်းတနော် စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂၁)လုံးမှ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူး ဦးဟန်လင်းထွဋ်နှင့် တာဝန်ရှိသူများမှ ဧရာဝတီမြစ်ရေမြှင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့ခဲ့ရသည့် ဘဝိုင်းကျေးရွာအုပ်စု ကမ်းနားစုကျေးရွာတွင် နေအိမ် (၉)လုံး၊ မြင်းကဒေါင်းကျေးရွာတွင် နေအိမ် (၂)လုံး စုစုပေါင်း နေအိမ် (၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၁၁၉၂၄၀၀)နှင့် မြစ်ဝကျေးရွာအုပ်စု သံပုရာချောင်းကျေးရွာတွင် နေအိမ် (၈)လုံး၊ ဒေါင့်ကြီးကျေးရွာတွင် နေအိမ် (၂)လုံး စုစုပေါင်း နေအိမ် (၁၀)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၁၀၆၉၃၀၀) တို့အား ကမ်းပြိုဘေးသင့်အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)