မှော်ဘီ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၂၂၀၂၃ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်နေ့နံနက်ပိုင်းကမှော်ဘီမြို့နယ် ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးကြီးလှ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ရွှေ၊ မြို့နယ် သမဝါယမအသင်း ဦးစီးအရာရှိ ဒေါ်နွေနွေအောင်တို့က အမှာစကားအသီးသီးပြောကြားပြီး ပညာရေးငွေစု၊ ငွေချေးသမဝါယမ အသင်းမှ အသင်းသားဒေါ်ခိုင်သီတာမှ ဘဏ္ဍာရေးရှင်းတမ်းများအား ရှင်းလင်းဖတ်ကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မှော်ဘီမြို့နယ်သမဝါယမအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော် (မှော်ဘီ)