ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ပလောက်   စက်တင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအား စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိသတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်စာစောင်အသစ်များ သွားရောက်လဲလှယ် ပေးသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင်စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက် သည့် သုတ/ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက်သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)