မောင်တော အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန် အောင်ဗလကျေးရွာအတွင်း ရောင်းချပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
မောင်တောမြို့၌ Agri One Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ မြို့နယ်စားသုံးဆီရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သောအဖွဲ့မှ အောင်ဗလကျေးရွာအတွင်း နေထိုင်ကြသော ပြည်သူများထံသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့်ဆီ ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးခဲ့ကြသည်။ ထိုသို့ စားသုံးဆီများအား သက်သာသောဈေးဖြင့် ရောင်းချပေးရာတွင် စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ စားသုံးဆီ ၂၇၅၀ ပိဿာအား မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)