သတင်းများ

နမ့်ခမ်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား ဂါဝရပြုထောက်ပံ့ငွေများ ပေးအပ်
Oct 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် “သက်ကြီးသူများ ဘဝသာယာဖို့ သက်ရွယ်စုံညီ ပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များသို့ သွားရောက်၍ ဂါဝရထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံအသက် (၁၄) နှစ်အောက် U-14 (Boys) Royal-D Cup ဘောလုံးပြိုင်ပွဲကျင်းပ
Oct 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ယနေ့နံနက် ၈ နာရီက ၂၆ ရပ်ကွက် ပုလဲရတနာလမ်းရှိ မြို့နယ်ဘောလုံးအားကစားကွင်း၌ ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာစေရေးရည်ရွယ်ကာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄)နှစ်အောက် U-14 (Boys) Royal-D Cup ဘောလုံးပြိုင်ပွဲ ကျင်းပ‌ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Oct 02,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက (အ.ထ.က) ကော့ကရင်ခန်းမ၌ ကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ် ဉက္ကံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်ပေါ်သစ်ပင်လဲပြိုမှုဖြစ်ပွား
Oct 02,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ဉက္ကံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်လဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှိ အစည်းဝေးခန်းတွင် မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၂း၃၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  အခမ်းအနားမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်လှစ်
Oct 02,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့၌ ကျောင်းသား၊ ကျောင်းသူလေးများအား ကလေးအလုပ်သမား‌လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 02,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် သောင်လယ်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) မဒေါက်ကလေးကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမား‌လျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး  ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ
Oct 02,2023
ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) မြမာလာခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။