ရမည်းသင်းမြို့နယ်၌ အခြေခံ ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ရမည်းသင်း    အောက်တိုဘာ  ၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစားစက် မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကြီးမှူး၍ အခြေခံဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရမည်းသင်းမြို့၊ ရွှေဒါးသာစည်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားဖွင့်ပွဲတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းကအဖွင့်အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ဖြစ်သည့် အသေးစားစက်မှုလုပ်ငန်းများ ထွန်းကားလာစေရန် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေး မျှော်မှန်းချက်နှင့် ရပ်ရွာဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေကာ တစ်ဦးချင်းဝင်ငွေတိုးပွာစေရေးတို့ကိုရှင်းလင်းပြောကြားသည်။

ရမည်းသင်းမြို့နယ်အတွင်း အလုပ်အကိုင်အခွင့်အလန်းများရရှိကာ မိသားစုအိုးမကွာ၊ အိမ်မကွာဖြင့် အသက်မွေးဝမ်းကြောင်း အတတ် ပညာရပ်တစ်ခုဖြစ်သည့် အ‌ခြေခံဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကိုနည်းပြ အသေးစားစက် မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးဂျော့အင် ဖနတီ ဒုဦးစီး(ပြင်ဦးလွင်ခရိုင်ရုံး)နှင့် ဦးကျော်ဋ္ဌေး ဒုဦးစီး(ရမည်းသင်းခရိုင်) တို့က သင်တန်းသား (၂၀)ဦးကိုစာတွေ့၊ လက်တွေ့ဖြင့် အောက်တိုဘာ ၂ ရက် မှ ၃၁ ရက်နေ့ထိ အခမဲ့သင်ကြားပို့ချပေး

သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင်