သတင်းများ

ကတဲကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေး
Oct 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ကတဲကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၇/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့တက်ရောက်
Oct 04,2023
တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့(၇/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကလိန်အောင်မြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ
Oct 04,2023
‌တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ဆရာအဆင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရမ်းဗြဲမြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 04,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့မွန်းလွဲပိုင်းအချိန်က စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
ကျွန်းစုမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ)အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်
Oct 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ)အာဟာရ ပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက ကတ္တလူအုပ်စု၊ ကတ္တလူကျေးရွာတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားမှူးတာဝန်ကို စနစ်တကျ ဆောင်ရွက်တတ်စေရန် ဘူးသီးတောင်မြို့နယ်တွင် အခမ်းအနားမှူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်သင်ကြား
Oct 04,2023
ဝန်ထမ်းများ အခမ်းအနားမှူးအဖြစ် တာဝန်ထမ်းဆောင်ရာတွင် စနစ်တကျ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ကျောက်ပန်းတောင်းမြို့တွင် ရပ်ကွက်များအလိုက် ဆေးထိုးစုရပ်ဖွင့်လှစ်၍ အသက် (၅) နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းများဆောင်ရွက်ပေး
Oct 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက လွတ်လပ်ရေးရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများဖြင့်စာဖတ်ဝိုင်းကျင်းပ
Oct 04,2023
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။