ကလိန်အောင် အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ဆရာအဆင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို “ဆရာဟူသည် ဥယျာဉ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “မြတ်ဆရာ ကဗျာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “ဆရာသည်သာ အနာဂတ်ရဲ့ ပဲ့ကိုင်ရှင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပရာဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်၌ ကျောင်းသား/သူ(၁၅)ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား/သူ(၁၃)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်၌ ကျောင်းသား/သူ(၉)ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား/သူ(၁၀)ဦးနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆရာ/မများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)