သတင်းများ

အခြေခံပညာ အလယ်တန်းကျောင်း(ဘောဂဗလ)၊ ရွှေကူ၌ လူငယ်စကားဝိုင်းကျင်းပ
Aug 29,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အခြေခံပညာ အလယ်တန်းကျောင်း (ဘောဂဗလ) တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။
မြဝတီမြို့တွင်၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်
Aug 29,2023
ကရင်ပြည်နယ်၊  မြဝတီခရိုင်အတွင်းရှိ  ရပ်ကွက်/ကျေးရွာ ၁၄ ခုတို့မှ  ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်) လများအတွက်   ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပန်းတနော်မြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များမှ မိသားစုဝင်များအား ထောက်ပံ့ပေးအပ်
Aug 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်များမှ မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုရယူသည့် တောင်သူများတွေ့ဆုံဆွေးနွေး
Aug 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှသွင်းအားစုရယူသည့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြောင်းမြမြို့၌ ကျင်းပသည့် တိုင်းဒေသကြီးအဆင့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား တက်ရောက်
Aug 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် တိုင်းဒေသကြီးအဆင့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ဝင် ဦးစောဒန်နီရယ်၊ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ တက်ရောက်ကြကြောင်း သိရသည်။
မိုးညှင်းမြို့၌ အသက် (၁၈) နှစ်အောက်နှင့် အရပ်လေးပေ ကိုးလက်မအောက် အခြေခံပညာကျောင်းပေါင်းစုံ မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Aug 29,2023
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက် (၁၈) နှစ်အောက်နှင့် အရပ်လေးပေကိုးလက်မအောက် အခြေခံပညာကျောင်းပေါင်းစုံ မိုးရာသီ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပေးအပ်ပွဲကို မိုးညှင်းတက္ကသိုလ် အားကစားကွင်း၌ ကျင်းပသည်။
စစ်ကိုင်းမြို့ရှိ ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်များလှူဒါန်း
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေမင်းဝံရပ်ကွက်နှင့် မီးရထားရပ်ကွက်ရှိ ဆွမ်းကွမ်းအခက် အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်းပွဲအခမ်း အနားကို ဩဂုတ် (၂၉) ရက်၊ နံနက် (၉) နာရီက ရွှေမင်းဝံရပ်ကွက် ဟုမ္မလင်းမှန်ပင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်ဆောင်မြို့၌ တောင်ယာငရုတ်သီးများ စျေးကောင်းရရှိ
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့၏မြေလွတ်မြေရိုင်းများတွင် တောင်ယာများခုက်ကာ နှစ်ရှည်ပင်သီးနှံများဖြစ်သည့် လက်ဖက်၊ အလာဂျီ၊ သည်သီး၊ ကော်ဖီစသည့် နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့် ငရုတ်ပင်များကိုလည်း ကြားညှပ်စိုက်ပျိုးကြသည်။