ကျောက်ဆည် အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ကတဲကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခဲ့ကြောင်း သိရသည်။
ကွန်ကရစ်ခြင်းခြင်းလုပ်ငန်းများကို နိုင်ငံတော်၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းခွင့်ပြု ရန်ပုံငွေကျပ်(၁၅၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ(လုပ်အားတန်ဖိုး) (၅၇)သိန်း ခုနစ်သောင်းရှစ်ထောင်ကျပ် စုစုပေါင်း(၂၀၀)သိန်း ခုနှစ်သောင်း ခုနှစ်ထောင့်ရှစ်ရာကျပ်ဖြင့် ကတဲကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီ ဦးဆောင်မှုဖြင့် လမ်းအရှည်(၇၁၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာ၏ ရွာတွင်းလမ်းများ ကွန်ကရစ်ခြင်းကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြေ(၂၄၃) အိမ်၊ အိမ်ထောင်စု(၂၄၇)စု၊ လူဦးရေ(၉၂၁)ဦးတို့၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာပြီး လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)