ကျွန်းစု အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ)အာဟာရ ပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက ကတ္တလူအုပ်စု၊ ကတ္တလူကျေးရွာတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရပစ္စည်း ထောက်ပံ့ပေးအပ်ခြင်းသည် မြစိမ်းရောင်(အသားကဏ္ဍ) ချေးငွေမှ အတိုးရငွေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကတ္တလူကျေးရွာအတွင်းရှိ မြစိမ်းရောင် အသင်းဝင် အိမ်ထောင်စု ၆၄ စုအား ကြက်ဥ ၂၅၆ လုံး၊ မာမား ၁၂၈ ထုပ် နှင့် ဆီ ၆၄ ဘူးကို မြစိမ်းရောင်အသင်းသားများ လက်ဝယ်အရောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးငြိမ်းကိုကိုနှင့် ဝန်ထမ်းများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးစိုးသွယ်(ကျွန်းစု)